Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်တွင် မိုးစပါးတောင်သူများအား မျိုးနှင့်သွင်းအားစုပေးအပ်


10 Aug,2026

မိတ္ထီလာ ဩဂုတ် ၁၀

 မိတ္ထီလာမြို့နယ် မြာကျေးရွာအုပ်စု ရေဝေကျေးရွာ မြာရေဝေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ မိုးစပါးစိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နေသော အသင်းသားတောင်သူများ ၄၇ ဦး၏ စိုက်ဧကစုစုပေါင်း ၁ဝဝဧကအတွက် တစ်ဦးလျှင်တန်ဖိုးငွေ ၂၆၈၅၀၀ ကျပ်နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို မြို့နယ်သမဝါယမအသင်းစုက ပေးအပ်ပွဲကိုယမန်နေ့ကကျင်းပရာ မန္တလေးတိုင်းဒေသကြီး သမဝါယဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် မြိုနယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသော အသင်းသားတောင်သူများ ထံသို့မျိုးနှင့် သွင်းအားစုများကို လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးက ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်