Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၁)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ


13 Feb,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၁)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ပထမပိုင်းအစီအစဉ် 
        သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၀.၂.၂၀၂၃) ရက်နေ့ နံနက်ပိုင်း (၆း၃၀)နာရီအချိန်တွင် (၁၁)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနား ပထမပိုင်း အစီအစဉ်ဖြစ်သည့် သံဃာတော်များ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ အငြိမ်းစား ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေသမား ကျောင်းတိုက် ဆရာတော် အရှင်သူမြတ်များထံမှ (၅)ပါး သီလခံယူ ဆောက်တည်ခြင်း ၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူကြပြီး နောက် ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး (၁၁)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ပထမပိုင်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးနောက် သံဃာတော် အရှင်သူမြတ်များကို မုန့်ဟင်းခါးဆွမ်း နှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများကို မုန့်ဟင်းခါးနှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၁)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ဒုတိယပိုင်းအစီအစဉ် 

        သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၀.၂.၂၀၂၃) ရက်နေ့ နေ့လည်ပိုင်း (၂း၀၀)နာရီအချိန်တွင် (၁၁)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ဖြစ်သည့် ဆုပေးပွဲအခမ်းအနားကို ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ အငြိမ်းစား ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတက္ကသိုလ် အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးနှင့် ဆရာ/ ဆရာမ၊ ဝန်ထမ်းများ၊ မိမိတို့ကျရာတာဝန်ကို စည်းလုံးပျော်ရွှင်စွာ ဆောင်ရွက်သွားကြရန်နှင့် တက္ကသိုလ်၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး တက္ကသိုလ်(၁၁)နှစ်မြောက်မှစ၍ ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် နှစ်ပေါင်း ရာချီမက လျှောက်လှမ်းနိုင်ကြပြီး ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ် ၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
       ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ် ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ရရှိသည့် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီအား ဒုတိယပါမောက္ခချုပ်(စီမံ)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ စစ်ကိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှချီးမြှင့်သည့် ဇေယျာစီမံထူးချွန်ဆု (ဒုတိယအဆင့်)ရရှိ သည့် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ ငွေကျပ် (၁,၆၆၀,၀၀၀) တန်ဖိုးရှိသည့် OXYGEN CONCENTRATOR (၁)လုံး လှူဒါန်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်(၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဝန်ထမ်း ကောင်းဆုရရှိ သည့် အရာထမ်း(၂)ဦးနှင့် အမှုထမ်း (၁)ဦး၊ (၃)နှစ်ဆက်တိုက် မည်သည့်ခွင့် အမျိုးအစားမျှ ခံစားခြင်းမရှိသည့် အရာထမ်း(၃)ဦး နှင့် အမှုထမ်း(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း) အဆင့်တွင် တတိယဆုရရှိသည့်ဒေါ်ရွှေစင်ထွန်း၊ သုတေသနလ/ထ-၄၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့အား ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ခြင်း၊ ၂၀၂၂ခုနှစ်အတွင်း မည်သည့်ခွင့်အမျိုးအစားမျှ ခံစားခြင်းမရှိသည့် ဝန်ထမ်း (၂၉) ဦးနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်ရစ်ခဲ့သည့် တယ်လီဖုန်း (၂)ကြိမ် ကောက်ယူရရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခဲ့သည့် သန့်ရှင်းရေး(အကူ) နှင့် လုပ်သား (အထွေထွေ)တို့အား ဒုတိယပါမောက္ခချုပ်(စီမံ)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm