Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာပါတ်ကလေး- တာပါတ်ကြီး( အင်းမ- ကြံတော) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ


13 Feb,2023

ပန်းတနော် ဖေဖော်ဝါရီ ၁၁ 

    ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့်ဆောင်ရွက်သော တာပါတ်ကလေး- တာပါတ်ကြီး (အင်းမ- ကြံတော) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါလမ်းအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

      အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊လူမှုရေးဝန်ကြီး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စစ်ဆေးရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီးတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရာက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အားပေးစကား ပြောကြားပြီး စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

   ထို့နောက် ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်(EID) ရေးသွင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm