Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄/၂၀၂၃)သင်တန်းဖွင့်ပွဲကျင်းပ


13 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက် မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများတွင် အသစ်ခန့်အပ်ခဲ့သော  ဒုတိယဦးစီးမှူးနှင့် အငယ်တန်းစာရေးနှင့်အလားတူအဆင့် အမှုထမ်းဝန်ထမ်းသစ်များအား ဌာန၏ လုပ်ငန်း တာဝန်များထမ်းဆောင်ရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရုံးလုပ်ငန်းသဘောတရားများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းဥပဒေ၊ ဥပဒေများသိရှိနားလည်စေရန်အတွက် အမှုထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံ့နက် (၁၀:၀၀)နာရီတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ Incubation Center ၌ ကျင်းပပြုလုပ်သည်။

       အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သူ (၃၆)ဦးနှင့် ဌာနမှတာဝန်ရှိသူများ စုစုပေါင်း(၄၄)ဦး တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က  အမှာစကားပြောကြားရာတွင် မိမိတို့ ဌာနရဲ့ လုပ်ငန်းစဉ် များကို ကောင်းစွာသဘောပေါက်နားလည်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နိုင်စေရန်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန်အတွက် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ ဌာနခွဲများမှ စာတွေ့သင်ကြားပို့ချသွားသော သင်ခန်းစာများကို မိမိတို့ဒေသ ရောက်ရှိတဲ့အခါ လက်တွေ့နယ်ပယ်နဲ့ပေါင်းစပ်ပြီး မိမိတို့စွမ်းအားရှိသလောက် လုပ်ဆောင်သွားကြရန်နှင့် သင်တန်းပျက်ကွက်မှုမရှိစေရေး၊ စိတ်ဝင်စားစွာလိုက်နာသင်ယူစေရေးကိုလည်း အထူးအလေးထားရန် လိုအပ်ကြောင်းမှာကြားခဲ့ပါ သည်။

        ထို့နောက် သင်တန်းသားတစ်ဦးခြင်းစီက မိတ်ဆက်စကားပြောကြားပြီး တာဝန်ခံနည်းပြ ဆရာ/ဆရာမများမှ မိတ်ဆက်စကားပြောကြားသည်။ အဆိုပါသင်တန်းကို (၁၃-၂-၂၀၂၃ မှ ၁၅-၂-၂၀၂၃) ရက်နေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Center ၌ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm