Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (စားရိပ်သာ)သို့ ကြွရောက်၍ နေ့လည်စာ စားသုံးခြင်းနှင့်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း


10 Feb,2023

 နေပြည်တော် ဖေဖေါ်ဝါရီ ၁၀      

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှုးချုပ်များပါဝင်သောအဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(စားရိပ်သာ)သို့ကြွရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အရာထမ်း/အမှုထမ်း များနှင့်အတူ နေ့လည်စာ စားသုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တွင်ယခင်က စားရိပ်သာ မရှိခဲ့ပါကြောင်း ယခုအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဝန်ထမ်းများ အားလုံးစိတ်ချမ်းမြေ့စွာဖြင့် သုံးဆောင်နိုင်ကြပြီဖြစ်ပါကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဝန်ထမ်းများနေဖြင့်လည်း ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများနှင့် ပူးပေါင်း၍သူ့အလုပ်၊ ကိုယ့်အလုပ် မခွဲခြားဘဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မေတ္တာ စေတနာရှေ့ထား ဆောင်ရွက်ကြမှသာလျှင်ဝန်ကြီးဌာနရဲ့ ဂုဏ်ရှိန်ဝါ တိုးတက်ကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအတွက်လစဉ် ဆန်၊ ဆီ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ၏ ကျောင်းနေအရွယ် သားသမီးများအတွက်လည်း ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့်ဝန်ထမ်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm