Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက


11 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ မြို့နယ်သမဝါယမ အသင်းစု၏ တန်(၂၀)ကျ ဆန်စက်အား ကြည့်ရှုစစ်ဆေးရာ အသင်းစုဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက် နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စပါးဝယ်ယူရရှိမှုအခြေအနေ၊ ထွက်ရှိလာသော ဆန်များအား ဖြန်ဖြူးရောင်းချမှုအခြေအနေနှင့် ထွက်ရှိလာသော စပါးခွံများအား မန္တလေးမြို့ရှိ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်း၏ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေး အခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး သမဝါယမ အသင်းသားဦးရေ တိုးချဲ့ဖွဲ့စည်းရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများကိုလည်း သမဝါယမအသင်းများ ဖွဲ့စည်း၍ ဆီကြိတ်ခွဲဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြုပြင် ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျေးရွာ (၂) ရွာနှင့် စိုက်ပျိုးမြေ (၁၀၅၀) ဧကအား အကျိုးပြုလျက်ရှိသည့် ကျောက်ဆည်-ငှက္ကတောင်လမ်း ကတ္တရာင်းခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍ နှစ်တွင် ကျန်ရှိနေသည့် လမ်း (၁) မိုင်အား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား ပြီး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပါတီ နိုင်ငံရေး ကင်းရှင်းရန်နှင့် အဂတိတရား ကင်းရှင်းရန်၊ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်အောင် လိုက်နာဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသူများ၏ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ် သင်တန်း၊ လက်ရက်ကန်း (၆) လ သင်တန်းနှင့် အခြေခံစက်ချုပ် (၁)လ သင်တန်းတို့တွင် လက်တွေ့ လေ့လာသင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ ဌာနတွင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ဆောင်ရွက်ကြရေး မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm