Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာနေပြည်သူများ၏ လယ်ယာထွက်ကုန်များ လွယ်ကူလျင်မြန်စွာ ဈေးကွက်သို့ တင်ပို့နိုင်တော့မည်


10 Feb,2023

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၈၅ ဒဿမ ၁၄သန်းဖြင့် ဖြူးစုကျေးရွာ၌ အရှည် ၀/၇.၄၆မိုင်၊ အကျယ် ၁၀ပေ၊ ထု ၁ပေ ၉လက်မရှိ မြေ+ဂဝံခင်းခြင်း၊ အလျား ၆ပေ၃လက်မ၊ အနံ ၂၀ပေ၊ အမြင့် ၅ပေ၆လက်မရှိ Box Culvert ၁စင်း၊ အလျား ၂၀ပေ၊ အနံ ၁၄ပေ၊ အမြင့် ၉ပေရှိ ကွန်ကရစ်တံတား ၁စင်းလုပ်ငန်းအားလည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်  တိုက်ကြီးစုကျေးရွာ၌ အရှည် ၁/၂.၉၆မိုင်၊ အကျယ် ၁၂ပေ၊ ထု ၂ပေ ၉လက်မရှိ မြေ+ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ဇွန်လမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ကျောက်တံခါးမြို့နယ် ကျေးရွာ နှစ်ရွာရှိ ကျေးရွာနေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်တော့မည်ဖြစ်၍ အဆိုပါကျေးရွာများရှိ အိမ်ခြေ ၅၄၃အိမ်နှင့် လူဦးရေ ၂၇၁၆ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ဧက၁၄၅၀ကို အကျိုးပြုမည်ဖြစ်ကြောင်း  သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm