သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေရရှိရေးနည်းပညာ(မွမ်းမံ)သင်တန်းဖြစ်သည့် Real-time Kinematic GPSဖြင့် မြေပြင် တိုင်းတာပုံထုတ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို(၁၀-၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန သုတေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက သင်တန်းအဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသူ/ သင်တန်းသား(၁၉)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၁၀-၂-၂၀၂၃)ရက်နေ့မှ (၁၁-၂-၂၀၂၃) ရက်နေ့ထိ ၂ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်