Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမအသင်းဆိုင်များ ဖွင့်လှစ်၊ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ


09 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၉

          (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ ညောင်ပင်ကြီးစု စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်၏ ကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေမှုအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦမြင့်စိုးသည် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု အားပေးသည်။

          အိမ်ထောင်စု (၅၀၂) စု၊ လူဦးရေ (၂၂၇၅) ဦးရှိသော ညောင်ပင်ကြီးစုကျေးရွာတွင် စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းအား အသင်းသား (၃၈) ဦးဖြင့် ဖွဲ့စည်းထားပြီး စိုက်ပျိုးစရိတ် ချေးငွေများ ထောက်ပံ့ခြင်း၊ သွင်းအားစုများ ပံ့ပိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကျေးရွာသူ ကျေးရွာသားများ အလွယ်တကူနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ လမ်းညွှန်ချက်နှင့် အညီ ကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ကာ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်များနှင့် လူသုံးကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ညောင်ပင်ကြီးစု စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၊ အမှုဆောင်များ၊ သမဝါယမဦးစီးဌာနမှ ဝန်ထမ်း များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

          သမဝါယမဦးစီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့တွင်လည်း သမဝါယမအသင်းအရောင်းဆိုင်များ ဖွင့်လှစ်ကာ ပြည်သူများ အတွက် အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm