သန်လျင်၊ ဖေဖော်ဝါရီ ၉
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၇၆)ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၉-၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ စာပေဟောပြောပွဲအခမ်းအနားတွင် မြန်မာစာဌာန၊ ပါမောက္ခ၊ ဌာနမှူး၊ ဒေါက်တာအေးအေးမော်က “ပင်လုံမှပေးသော ပြည်ထောင်စုအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမောင်မောင်ခင်က “တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပြည်အရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြ သည်။ ၎င်းနောက် (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများနှင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား ဂုဏ်ပြုကတ်နှင့် ဆုငွေများကို ဒုတိယပါမောက္ခချုပ်(စီမံ)က လည်းကောင်း၊ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများနှင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအားဂုဏ်ပြုကတ်နှင့် ဆုငွေများကို ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ)က “တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးပြည်အရေး” ခေါင်းစဉ်ဖြင့် ဟောပြောပေးပါသော မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမောင်မောင်ခင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။