Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တည်ထောင်သည့်နေ့ (၁၁)နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား


09 Feb,2023

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တည်ထောင်သည့်နေ့(၁၁)နှစ်မြောက်အထိမ်းအမှတ် ဂုဏ်ပြုသုတေသနစာတမ်းဖတ်ပွဲကို(၇.၂.၂၃)နေ့ နံနက်(၈:၃၀)အချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပခဲ့ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းနှင့် သင်ကြားရေးရာနှင့် စီမံရေးရာဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ တာဝန်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြပြီး အခြားတက္ကသိုလ် အသီးသီး မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခချုပ်များ၊ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးများ  ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများမှ online  ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 
        ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုစာတမ်းဖတ်ပွဲ ရည်ရွယ်ချက် (၂)ရပ်မှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမကောလိပ်(မန္တလေး)၊ ယွန်းပညာကောလိပ်(ပုဂံ)နှင့် ဘာသာရပ်ဌာနများရှိ ဆရာ၊ဆရာမများ၏ စွမ်းရည် ပိုမိုမြင့်မားလာစေရန်နှင့် ဒေသတွင်း လူမှုစီးပွားရေးလုပ်ငန်းများ ပိုမိုသိရှိနိုင်စေရန်နှင့် ပြည်တွင်းပြည်ပတွင် သုတေသနစာတမ်းများ ဖတ်ကြားပြီး၊ သုတေသနပြုလုပ်လိုစိတ် ပိုမိုပေါ်ပေါက်လာစေရန်၊ ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြု သုတေသနစာတမ်းများ ထွက်ပေါ်လာစေရန်နှင့် အရည်အသွေးပြည့်ဝသော သုတေသနဂျာနယ် ထုတ်ဝေနိုင်ရန် ကျင်းပကြောင်း၊ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပြီး သုတေသနဂျာနယ် volume 5 No1,No2  တို့ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း၊  ယခုနှစ် စာတမ်းဖတ်ပွဲ Themes မှာ “Qualified Research for Bringing Brighter Future of Social Cohesion and Economic Development” ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် သယ်ဆောင်သွားနိုင်မည့် အရည်အသွေးပြည့်ဝသော သုတေသနများ ထွက်ပေါ်လာစေရန် ဖြစ်ကြောင်း၊ Zoom ဖြင့် ဖတ်ကြားမည့် စာတမ်းရှင်(၅)ဉီး တက်ရောက်ဖတ်ကြားမည့် စာတမ်းရှင်(၈)ဉီး ရှိကြောင်း ၊ ဆရာ၊ဆရာမများသည် သုတေသန စာတမ်းများ မဖြစ်မနေဖတ်ကြားရန်နှင့် Publication ထုတ်ဝေနိုင်ရန် ကြိုးစားရန်လိုကြောင်း Ph.D လုပ်မည့် ဆရာ/ဆရာမများသည် ပြည်ပ Publication ရရှိနိုင်အောင်ထိ ကြိုးစားရန် လိုကြောင်း၊ ယခုစာတမ်းများကို တက္ကသိုလ်မှ သုတေသနဂျာနယ်ထုတ်ဝေသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် KOREA MYANMAR RESEARCH ASSOCIATION, UNIVERSITY OF MALAYSIA SARAWAK စသည့် နိုင်ငံတကာတက္ကသိုလ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ထားရှိကြောင်း၊ KOMYRAမှ ထုတ်ဝေသော သုတေသနဂျာနယ်များတွင် ပါဝင်ခွင့်ရရှိခဲ့‌ကြာင်း၊ သု‌တေသနပြုလုပ်ခြင်းဖြင့် အသစ်ဆန်းများ တွေ့ရှိရသဖြင့် သင်ကြားရေးတွင် များစွာအထောက်အကူပြုခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ Network ကျယ်ပြန့်လာခြင်း၊ စဉ်းစားတွေးခေါ်မှု Critical thinking တိုးတက်လာခြင်း၊ ဆန်းစစ်ဝေဖန် Analytical Skills များ တိုးတက်လာနိုင်ခြင်း စသည့် အကျိုး‌‌ကျေးဇူးများ ရရှိ‌ကြောင်း၊‌ စာတမ်းဖတ်ကြားကြသော ဆရာ/ဆရာမများကို လေးစားဂုဏ်ယူကြောင်း၊ သဘာပတိ ဆရာကြီး၊ဆရာမကြီးများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင် ပြည်ပစာတမ်းရှင် များပါ ဖိတ်ခေါ်လျက် International Conference ကျင်းပနိုင်သည်အထိ ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
       ဆက်လက်၍ စာတမ်းရှင်များမှ ဘာသာရပ်အကျိုးပြုစာတမ်း(၅)စောင်၊ လူမှုစီးပွား အကျိုးပြု စာတမ်း(၇)စောင်၊ ဒေသအကျိုးပြုစာတမ်း(၁)စောင်၊ပေါင်း(၁၃)စောင်ကို online၊offline တို့ဖြင့် ဖတ်ကြားခဲ့ကြပြီး သဘာပတိများ၊ စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်ခဲ့ပြီး သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို (၁၇:၃၀)နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm