Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်သမဝါယမအသင်းစုလီမိတက်ကနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ


08 Feb,2023

ကန်ကြီးထောင့် ၊ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် သစ်ရွေးချယ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမအသင်း စုချုပ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီး ဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ဝန်ထမ်းများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းဝင် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနား ပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ်အထိ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသားစာရင်း စစ်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့ သည်။

ဆက်လက်၍ ဒုတိယပိုင်း အမှုဆောင်သစ်ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားတွင် သဘာပတိ အဖြစ် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဆွေက ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အမှုဆောင်သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ပေးအပ်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်အသစ်များက ကတိသစ္စာခံယူခဲ့ကြောင်း  သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm