Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


07 Feb,2023

ရခိုင်၊ ဖေဖော်ဝါရီ 7

ရခိုင်ပြည်နယ်သမဝါယမဦးစီးဌာန၏ အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်(၁၁) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်သမဝါယဦးစီးဌာနညွှန်ကြားရေးမှူးက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် တက်ရောက်လာကြသော သင်တန်းသား/သူများ မှလည်း တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့သည်။ အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို ၂-၂-၂၀၂၃ မှ ၁၅-၂-၂၀၂၃ ထိ ရက်သတ္တပတ် ၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm