Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ဟိန်းမြို့ နယ် နမ့်ခမ်း-ပန်မှုံ့- ဝမ်ဟိန်း-နားခေါက် ကျေးရွာချင်းဆက်လမ်းတွင် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


04 Feb,2023

ကွန်ဟိန်း ဖေဖော်ဝါရီ ၃

        ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နမ့်ခမ်း-ပန်မှုံ့-ဝမ်ဟိန်း-နားခေါက် ကျေးရွာချင်းဆက်လမ်းတွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုယနေ့တွင်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွန်ဟိန်းမြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက နမ့်ခမ်း-ပန်မှုံ-ဝမ်ဟိန်း-နားခေါက်ကျေးရွာချင်းဆက်လမ်းတွင် ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ကွန်ဟိန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁)မြို့ပြ ဦးကျော်မိုးဦးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို   လိုက်လံရှင်းလင်း ပြသကြောင်း သိရသည်။

      ကွန်ဟိန်းမြို့နယ် နမ့်ခမ်း-ပန်မှုံ့-ဝမ်ဟိန်း-နားခေါက် ကျေးရွာချင်းဆက်လမ်းတွင် အရှည် ၅ ဒသမ ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်၁၀၃ ဒသမ ၈၉၀ သန်း ဖြင့် စွမ်တိုင်ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်ကစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက  ကျေးလက်ဒေသထွက် ကုန်ပစ္စည်းများကိုကုန်ကျစရိတ် သက်သာစွာဖြင့်မြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၃၆၀၊ လူဦးရေ ၁၅၈ဝ တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အကျိုးပြုစေမည် ဖြစ်ကြောင်း သိရသည်။ 

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm