Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းဖွင့်


07 Feb,2023

ရန်ကုန် ဖေဖော်ဝါရီ ၆

    (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မှော်ဘီမြို့နယ်အတွင်း ကျေးလက် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ကုန်ထုတ်ဂဝံမြေသားလမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က အဆိုပါလမ်းများ၏ ယာယီမဏ္ဍပ်များ၌ ကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

    ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် မြောင်းတကာ ကျေးရွာအုပ်စု မြောင်းတကာ- ရွာသစ်ကုန်း-နှင်းဆီမြိုင် ကျေးရွာချင်းဆက်လမ်းအရှည်ပေ ၄၈၀၀ ၊ အကျယ် ၁၂ ပေ၊ ထုခုနစ်လက်မရှိ ကွန်ကရစ်လမ်း ဖွင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်က ယခင်မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးလက်ထုတ်ကုန်များ အား ကျေးလက်လမ်းကွန်ရက်များကို အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ရေးနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

   ထို့နောက် နှင်းဆီမြိုင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများကကွန်ကရစ်လမ်း ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ လမ်းကိုဖြတ်သန်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm