Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Basic GIS Training Course (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနား


06 Feb,2023

နေပြည်တော် ၊ဖေဖေါ်ဝါရီ ၆ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော Basic GIS Training Course (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်း တက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။  ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်ပွဲ  အမှာစကားပြောကြားပြီး ၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲလင်းထွန်းက ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ GIS Mapping ရှိ လမ်းစာရင်း ကီလိုမီတာ နှင့် စီမံကိန်းရေးဆွဲ‌ရေးနှင့် ကိန်းဂဏန်းဌာနခွဲရှိလမ်းစာရင်း ကီလိုမီတာ ကွာခြားချက်များအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှု အခြေအနေကို Power Point ဖြင့် ရုံးအုပ် ဦးရာဇာထွန်းက ရှင်းလင်း သရုပ်ပြပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲကို (၆-၂-၂၀၂၃)ရက် နေ့မှ (၁၇-၂-၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၂၄)ဦးတက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm