Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်၌ GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ်ပို့ချ


06 Feb,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက် စနစ် GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ် (၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိမိတို့ ဦးစီးဌာနဝန်ထမ်းများ၏  စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တင်ရောက်လာသည့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ သင်တန်းသား သင်တန်းသူ (၃၂)ဦး တက်ရောက်ကြီပြီး သင်တန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ လေးရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။


          
 
     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm