သာစည် ၊ ဖေဖော်ဝါရီ ၆
သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာရှိ အသင်းသား(၁၂၁)ဦးဖြင့် ဖွဲ့စည်းထားရှိသော အေးမြသာယာ (လယ်/ထွေ) သမဝါယမအသင်း၏ ကုန်ပဒေသာအရောင်းဆိုင်တွင် ဆန်နှင့်ဆီကို အဓိကထားရောင်းချလျက် ရှိသည်။ ထို့ပြင် လူသုံးနှင့်အိမ်သုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးစားသောက်ကုန်များ၊ လျှပ်စစ် ပစ္စည်းနှင့် လယ်ယာသုံးပစ္စည်းများကိုလည်း အသင်းသားပြည်သူများ ဈေးနှုန်းမှန်ကန်သက်သာ စွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်