Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် ရွှေဝါမြိုင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်က အသင်းပိုင်လယ်ယာမြေများတွင် မတ်ပဲများ စိုက်ပျိုး


03 Feb,2023

မင်းလှ၊ ဖေဖော်ဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်သည် အသင်းပိုင်လယ်ယာမြေ ၁၂၃.၅၆ ဧက ရှိရာ အသင်းသား ၂၁ ဦးအား တစ်ဦးလျှင် လယ်ဧက ၅.၈၈ နှုန်းဖြင့် ဆင်းသုခ(မိုးစပါး)နှင့် မတ်ပဲများ စိုက်ပျိုးစေခဲ့သည်။ မိုးစပါးများ ရိတ်သိမ်းချိန်တွင် အသင်းပိုင်လယ်ယာမြေများမှ ဆင်းသုခစပါးတစ်ဧကလျှင် ပျှမ်းမျှတင်း ၆၀ နှုန်းထွက်ရှိခဲ့ပြီး တစ်ရာသီအတွက် အသင်းသားတစ်ဦးလျှင် စပါးတင်း ၅၀ ပြန်လည်ပေးသွင်း စေကာ အသင်းသားများထံမှ စပါးတင်း ၁၀၅၀ ကို ကာလပေါက်ဈေးဖြင့် ပြန်လည်ရရှိခဲ့သည်။ ယခုအခါ မတ်ပဲများ စိုက်ပျိုးထားရှိရာ တစ်ဧကလျှင် ပျှမ်းမျှ ၁၅ တင်းနှုန်းခန့် ထွက်ရှိနိုင်မည်ဖြစ် သည်။

အသင်းအနေဖြင့် အသင်းသားတောင်သူများအား အသင်းပိုင်လယ်ယာမြေများတွင် လုပ်ကိုင်စိုက်ပျိုးစေသည့်အတွက် အသင်းသားတောင်သူများ၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm