ကျောင်းကုန်း ဇန်နဝါရီ ၂၈
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်သို့ ဆက်သွယ်မည့် ကျုံလမုကွန်ကရစ် တံတားသစ်ကိုယမန်နေ့က ဖွင့်လှစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က တံတားသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကွန်ကရစ်တံတားအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျုံတာ-သရွတ်ကြီးလမ်း (၁/ဝ) မိုင်၊ ခွဲကျောက် အမာခံလမ်းခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်ရှိ ပေ ၁၀၀ တံတား၏ မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလမ်းနှင့် တံတားတည်ဆောက်ပြီးစီးပါက ကျေးရွာ ၃၀ ရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာပြီး ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှု အတွက်များစွာ အကျိုးဖြစ်ထွန်းလာမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
Dial these numbers and email in case of any emergency