ဝမ်းတွင်း ၊ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၁-၁၀- ၂၀၂၀)မှ (၃၁-၃-၂၀၂၂)ရက်နေ့ထိ (၁၈)လစာ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အတွင်းရေးမှူး ဦးသိန်းမြင့်၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့ဝင်များနှင့်ဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေး အခမ်းအနားမှူးအဖြစ် ဒေါ်ဟေမာနေဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာကို တွဲဘက်အတွင်းရေးမှူး ဦးသောင်းကြည်၊ အသင်း စာရင်းစစ်အစီရင်စာကို အမှုဆောင်ဒေါ်ဝင်းဝင်းဌေးနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အတွင်းရေးမှူး ဦးနေဝင်းတို့က အသီးသီးဖတ်ကြားခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်း အမှုဆောင်သစ်ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားတွင် သဘာပတိ အဖြစ် တိုင်းဒေသကြီးအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး က အမှာစကားပြောကြားပြီး ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်အသစ်များအား တာဝန်များ ခွဲဝေသတ်မှတ်၍ သဘာပတိရှေ့မှောက်၌ ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်