Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်း ဖွင့်လှစ်


27 Apr,2022

မြို့သစ်  ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ အမျိုးသမီးများ

အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်ငွေများတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု

စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တပ်ကုန်းရွာလေး ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စက်ချုပ် သင်တန်း ဖွင့်လှစ်ရခြင်း

ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာဖြင့် သင်တန်းကို

ပြီးမြောက်အောင်တက်ရောက်ကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးက  သင်တန်းသား သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြကာ တက်ရောက်လာသော

သင်တန်းသူ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပါသည်။

အဆိုပါ သင်တန်းကို မြို့သစ်မြို့နယ်အတွင်းရှိ တပ်ကုန်းရွာကြီး၊ တပ်ကုန်းရွာလေး၊ ပေကံကုန်း၊ ဆင်ဖြူချီ၊ မကျဉ်းကုန်းစသည့်

ကျေးရွာငါးရွာမှ သင်တန်းသူ(၃၀)ဦးကို တစ်လကြာစာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

ကိုလှိုင်(ကျေးလက်)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm