Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် Digital Payment စမ်းသပ်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ


26 Jan,2023

မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် Digital Payment စမ်းသပ်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
===========================================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် Digital Payment စမ်းသပ်ဆောင်ရွက်နိုင်ရေးကိစ္စစပ်လျဉ်း၍ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် -၃၆ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် Digital Payment စမ်းသပ်ဆောင်ရွက်နိုင်ရေးကိစ္စကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
 
   


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm