နေပြည်တော်၊ ဇန်နဝါရီ ၂၅
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်း လာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်ဒေသ ထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းအားဖြင့် အသေးစား စက်မှုလက်မှု (Micro) လုပ်ငန်းများပေါ်ထွန်းလာစေရေးအတွက် နည်းပညာသင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် ၂၅.၁.၂၀၂၃ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ(ရွာသစ်) KC ခန်းမ၌ကျင်းပရာ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ(၂၀)ဦးတို့ တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ပပမျိုးက အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိ နိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူသုံး ကုန်ပစ္စည်းများထုတ်လုပ်ခြင်းကို စနစ်တကျ လုပ်ကိုင်တတ်လာပြီး စီးပွားဖြစ်ထုတ်လုပ်ရောင်းချ ခြင်းမှ ဝင်ငွေများတိုးပွားလာပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေမည်ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းငယ်တွေထူထောင်လာနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာမှ လက်ထောက် အင်ဂျင်နီယာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇန်နဝါရီ ၂၅ ရက်နေ့ မှ ၂၉ ရက် နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၂၀ ဦးအား ဆပ်ပြာဆီအမျိုးမျိုး၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲများ၊ Hand Gel နှင့် Hand Spray ပြုလုပ်ခြင်း နည်းပညာတို့ကို စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်