Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်၌ ကျေးရွာကိုးရွာအကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး


25 Jan,2023

မိတ္ထီလာ ဇန်နဝါရီ ၂၄

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၃၀ ဖြင့် မလှိုင်မြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှ ထန်းပင်ကန်-မှရိုး ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို စက်တင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

          ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်တံတားများ တည်ဆောက်ခြင်းများကို နှစ်စဉ်ဘဏ္ဍာရန်ပုံငွေများ လျာထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် မလှိုင်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ ထန်းပင်ကန်-မှရိုး ကျေးရွာချင်းဆက်လမ်းအရှည် ခုနစ်ဖာလုံအား ကတ္တရာခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စက်တင်ဘာလမှ စတင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနိုင်နိုင်ဝင်းထံမှ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm