Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ္ပင်မြို့နယ်၊ ဖရဲစံပြကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ ဖွင့်လှစ်


27 Apr,2022

ပဲခူး ဧပြီ ၂၆

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သနပ္ပင်မြို့နယ်၊ ဖရဲစံပြကျေးရွာနေ ကျေးရွာသူ/သား (၂၀)ဦးအား အသက်မွေးပညာသင်တန်းဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဖရဲကျေးရွာ မူလတန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ တိုင်းဒေသကြီးဉီးစီးမှူး၊ သနပ္ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး၊ မြို့နယ်သမဝါယမဉီးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။

       ယခု သင်တန်းတွင် ဘတ်စုံသုံးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ Hand Sanitizer နှင့် Hand Spray ထုတ်လုပ်နည်းများကို ၂၆-၄-၂၀၂၂ မှ ၃၀-၄-၂၀၂၂ ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm