Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားကလေး-ဇာသပြင်လမ်းမှ ကော့လမုကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်


23 Jan,2023

ဘားအံ ဇန်နဝါရီ ၂၁

      (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ် အတွင်းရှိ ဇာသပြင်-ကျားကလေးလမ်းမှ ကော့လမုကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ရာသီမရွေးသွားနိုင်

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကျေးလက်လမ်းများကို ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ်သို့ နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များကို အသုံးပြု၍ ပြည်သူများ၏လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊တံတားများကိုဝိုင်းဝန်း၊ ထိန်းသိမ်းစောင့်ရှောက်ကြပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော ကော့လမု၊ ကော့သင်း၊ ဇာသပြင်(အရှေ့- အနောက်) ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကျားကလေး-ဇာသပြင်လမ်းမှ ကော့လမုကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖြတ်သန်း ကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကုန်ထုတ်လမ်း

အဆိုပါလမ်းသည် ယခင်က မြေသားလမ်းဖြစ်ပြီး လမ်းအရှည် တစ်မိုင် လေးဖာလုံ၊ ပေ ၂ဝ ကွန်ကရစ်တံတား တစ်စင်းနှင့် ၁၅ ပေ ကွန်ကရစ်တံတားတစ်စင်း တို့ကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၇ဝ၆ ဒသမ ၂၄ သန်းဖြင့် သံလွင်ဖားစည်မြေကုမ္ပဏီက ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး လယ်ယာဧက ၃၃၀ ကျော်၏ ကုန်ထုတ်လမ်းအဖြစ်လည်း အကျိုးပြု စေမည်ဖြစ်ကာ ကျန်ရှိသည့်လမ်း ခုနစ်ဖာလုံနှင့် ပေ ၂၀ ကွန်ကရစ်တံတား နှစ်စင်း၊ ၁၅ ပေ ကွန်ကရစ်တံတား သုံးစင်းတို့ကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ပြည်နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm