Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီး


23 Jan,2023

ကျိုင်းတုံမြို့နယ်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု  ရာနှုန်းပြည့်ပြီး

ကျိုင်းတုံ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်းတုံမြို့နယ်အတွင်းရှိ နမ့်ခင်ချောင်း ဝဲ/ယာရှိ စိုက်ပျိုးရေရရှိရေး နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကိုမတ်လ ဒုတိယအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျိုင်းတုံမြို့နယ်အတွင်းရှိ နမ့်ခင်ချောင်း ဝဲ/ယာရှိ စိုက်ပျိုးရေရရှိရေး နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်း ဆိုလာ ၁၄ ဒသမ ၄ ကီလိုဝပ် Station-1 နှင့် Station-2 တပ်ဆင်ခြင်းနှင့် 10 HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ မွမ်းမံရန်ပုံငွေ ၁၀၉ ဒသမ ၂ သန်း ဖြင့် မတ်လ ဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းရေရှည်လည်ပတ်နိုင်ရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အကျိုးပြုစိုက်ပျိုးမြေဧကများတွင် ရာသီပေါ် သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။

အဆိုပါ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးရရှိရေး လုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာခုနစ်ရွာရှိ တောင်သူ ၁၄ ဦး၏ စိုက်ပျိုးမြေ ဧက ၆၀ ကိုအကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေများရရှိကာ စပါးအပါအဝင် ဟင်းသီးဟင်းရွက်များ ရာသီအလိုက် စိုက်ပျိုးလာနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm