သနပ်ပင်၊ ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၈-၂၀၁၉)၊ (၂၀၁၉-၂၀၂၀)၊ (၂၀၂၀-၂၀၂၁)နှင့် (၂၀၂၁-၂၀၂၂) Mini Budget ဘဏ္ဍာနှစ်တို့အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်း အနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အတွင်းရေးမှူး ဒေါ်မြင့်စန်းဝေနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ ဦးမြင့်အောင် ကအဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားမှူးအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးဇေယျာဝင်းက ဆောင်ရွက်ကာ အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာကို အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ဇာမောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် အသင်းသားစာရင်းစစ် ဦးဇော်ထွန်းက အသင်းသားစာရင်းစစ်အစီရင်ခံစာ အား ဖတ်ကြားပြီး၊ (၂၀၁၈-၂၀၁၉)၊ (၂၀၁၉-၂၀၂၀)၊ (၂၀၂၀-၂၀၂၁)နှင့် (၂၀၂၁-၂၀၂၂) Mini Budget ဘဏ္ဍာရေးရှင်းတမ်းအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးဦးဇော်ဝင်းကျော်က ဖတ်ကြားခဲ့ သည်။
ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်း အမှုဆောင်သစ်ပြန်လည်ရွေးချယ်ခြင်းအခမ်းအနား တွင် သဘာပတိအဖြစ် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ် ကအမှာစကားပြောကြားသည်။
ထို့နောက် ရွေးချယ်တင်မြှောက်ခံရသော အမှုဆောင်အဖွဲ့ဝင်အသစ်များအား တာဝန်များခွဲဝေသတ်မှတ်၍ သဘာပတိရှေ့မှောက်၌ ကတိသစ္စာ ခံယူပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်