Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ်ကျေးရွာနှစ်ရွာ၌ ဆိုလာစနစ် သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းပြီးစီးမှုစစ်ဆေး


20 Jan,2023

ဘိုကလေးမြို့နယ်ကျေးရွာနှစ်ရွာ၌ ဆိုလာစနစ် သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းပြီးစီးမှုစစ်ဆေး

============================

ဘိုကလေး ဇန်နဝါရီ ၂၀ ရက်

==============

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ကွင်းပုန်ကျေးရွာနှင့်ရွှေပြည်သာကျေးရွာ၌ ဆိုလာစနစ်သုံး 

စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ကွင်းပုန်း‌ကျေးရွာနှင့်ရွှေပြည်သာကျေးရွာတွင်  ဆီထွက်သီးနှံများစိုက်ပျိုး နိုင်ရန်အတွက် ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများရေရှည်တည်တံ့စေရေးဝိုင်းဝန်းထိန်းသိမ်ဆောင်ရွက်ကြရန်နှင့်လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းပုန်း‌ကျေးရွာနှင့်ရွှေပြည်သာကျေးရွာတွင် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စနစ်နှင့်ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ် ၁၉၁ ဒသမ ၇၅၃၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် Sandi Solar ကုမ္ပဏီက ၂၀၂၂ ခုနှစ်နိုဝင်ဘာလတတိယအပတ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ် ငန်းဆောင်ရွက်နိုင်မှုကြောင့် ကွင်းပုန်း‌ကျေးရွာနှင့်ရွှေပြည်သာကျေးရွာရှိ ကျေးလက်နေပြည် သူတို့၏ စိုက်ပျိုးမြေဧက ၁၀၀ ကျော်ကို အကျိုးပြုမည်ဖြစ်ပြီး ယခင်ကထက်စက်သုံးဆီကုန်ကျစရိတ်များ လျော့နည်းသက်သာနိုင် မှာဖြစ်ကြောင်း ဘိုကလေးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်ထံမှ သိရသည်။

 

ဖြိုးထက်အောင်(ပျော်ဘွယ်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm