Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ် ကေတုမတီတောင်သူအကျိုးပြုစိုက်ပျိုးရေးနှင့် မွေးမြူရေးအထွေထွေ သမဝါယမအသင်းလီမိတက်က လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်


20 Jan,2023

တောင်ငူ၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် မိုးကောင်းကျေးရွာရှိ ကေတုမတီတောင်သူအကျိုးပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးအထွေထွေသမဝါယမအသင်းလီမိတက်သည် အသင်းပိုင်ထွန်စက်(Japan Kubota 60 Hp နှင့် ရိတ်သိမ်းခြွေစက်(Japan Kubota 70 G)များဖြင့် အသင်းသားပိုင်နှင့် ပုဂ္ဂလိကပိုင် လယ်ယာမြေများတွင်  လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌ အသင်းပိုင်ထွန်စက်(Japan Kubota 60 Hp)သည် တစ်ရက်လျှင် ပျှမ်းမျှ ၆ ဧက ထွန်ယက်နိုင်ပြီး တစ်ဧကငှါးရမ်းခငွေကျပ် ၅၀၀၀၀ နှုန်း ၊ အသင်းပိုင်ရိတ်သိမ်းခြွေစက် (Japan Kubota 70 G)သည် တစ်ရက်လျှင် ပျှမ်းမျှ ၆ ဧက ရိတ်သိမ်းနိုင်ပြီး တစ်ဧကငှါးရမ်းခငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် တောင်သူများသီးနှံစိုက်ပျိုးထုတ်လုပ်ရာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm