Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


20 Jan,2023

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေ၊ ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် မြို့နယ်တာဝန်ရှိသူများ၊ စီမံကိန်းဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကြိုးကြာကွင်းကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

 အဆိုပါ ကြိုးကြာကွင်းကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပဉ္စမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၈ ဦးအတွက် ငွေကျပ် ၂၃၆ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၂၈ ဦး အတွက် ငွေကျပ် ၁၇၉ ဒသမ ၁ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦး အတွက် ငွေကျပ် ၁၇၉ ဒသမ ၁ သိန်း  စုစုပေါင်း အသင်းသား ၂၆၇ ဦးကို အတိုးနှုန်းပြား ၅၀ ဖြင့် ငွေကျပ်သိန်း ၄၄၂ သိန်း ထုတ်ချေး ပေး ထား ကြောင်း ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်‌အောင် ထံမှ သိရသည်။

သန်းလွင်(မကွေး)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm