Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


18 Jan,2023

တန့်ယန်း ဇန်နဝါရီ ၁၈
 ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေလျှက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် မန်ကောင်း (ဝမ်တောင်) ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုများအား ယမန်နေ့က ကြည့်ရှုစစ်ဆေးကြသည်။
 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့် ထွန်းနှင့် တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သည့် မန်ကောင်း (ဝမ်တောင်) ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု၊ လုံမုံကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိ ကော်မတီဝင်များနှင့် တွေ့ဆုံကာ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm