Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ်သမဝါယမအသင်းစုလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ


19 Jan,2023

ဝေါ၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၉-၂၀၂၀)၊ (၂၀၂၀-၂၀၂၁) နှင့် (၂၀၂၁-၂၀၂၂) Mini Budget ဘဏ္ဍာနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး နှင့် အမှုဆောင်သစ်ပြန်လည်‌ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို အဆိုပါမြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ ဒုတိယဥက္ကဋ္ဌ(၂)နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစုမန်နေဂျာ ဦးမြင့်ကျော်က ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာနှင့် အရှုံးအမြတ်စာရင်းများ ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော အသင်းသားကိုယ်စားလှယ်များနှင့် သဘောတူညီချက်ရယူကာ အတည်ပြု ချက် ရယူဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အမှုဆောင်သစ်ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားတွင် သဘာပတိက အမှာ စကားပြောကြားပြီး ရွေးချယ်ခံရသော အမှုဆောင်အသစ်များအား တာဝန်များခွဲဝေသတ်မှတ်၍  သဘာပတိရှေ့မှောက်၌ ကတိသစ္စာခံယူခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌအသစ်က မိတ်ဆက်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm