Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး သမဝါယမကဏ္ဍက ဆောင်းမြေပဲ၊ ပဲတီစိမ်းနှင့် ကြက်သွန်နီများ စိုက်ပျိုး


18 Jan,2023

ဝေါ၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်  ရတနာမွန်လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်က အသင်းသားပိုင်လယ်ယာမြေ ဧက ၃၀ ပေါ်တွင် ဆောင်းမြေပဲ များကို စိုက်ပျိုးထားရှိရာတစ်ဧကပျှမ်းမျှအထွက်နှုန်းတင်း ၇၀ ထွက်ရှိနိုင်မည်ဖြစ်ပြီး ပြည်မြို့နယ် အောင်မြန်မာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားပိုင်လယ်ယာ မြေပေါ်တွင် ကြက်သွန်နီ(ရွှေဖလား)မျိုးများ စိုက်ပျိုးထားရှိပြီး သီးနှံပေါ်ချိန်တွင် တစ်ဧကပျှမ်းမျှ အထွက်နှုန်း ပိဿာ  ၈၀၀၀ ထွက်ရှိနိုင်မည်။

ထို့ပြင် ဒိုက်ဦးမြို့နယ် ဖအောင်ဝဲ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်၏ အသင်းသားများပိုင်ဆိုင်သောလယ်ယာမြေ ၁၅ ဧကပေါ်တွင် ပဲတီစိမ်းများ စိုက်ပျိုးခဲ့ရာ တစ်ဧကပျှမ်းမျှ အထွက်နှုန်း ၁၅ တင်းထွက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm