Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (ဗဟိုကြီးကြပ်မှုကော်မတီ)၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


17 Jan,2023

နေပြည်တော်၊ ဇန်နဝါရီလ(၁၇)ရက်

၁။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂။       အစည်းအဝေးသို့ ကော်မတီဉက္ကဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီး၊ ဝန်ကြီး ဌာန(၁၂)ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတက်ရောက်ကြသည်။

၃။      အစည်းအဝေးတွင် ကော်မတီဉက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြို့ပြနဲ့ကျေးလက်၊ ပြည်နယ်/ တိုင်း ဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် ()ရပ်နဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်()ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့ ကော်မတီအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (MSDP)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင် (RDSF)ပါ လုပ်ငန်းစဉ်များ နဲ့ အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၄။      ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၂၂..၂၀၂၂)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာန (၁၂)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များပါဝင်သော ကော်မတီဝင် (၂၆)ဦးဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

၅။ ကော်မတီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို/နှစ်ရှည်စီမံကိန်းရေးဆွဲခြင်း၊ တာဝန် ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

၆။      ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ သမဝါယမလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ရည်မှန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊   ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ လိုအပ် လျက်ရှိတဲ့ သွင်းအားစုနဲ့ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသနလုပ်ငန်းများနဲ့ ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက် အခြေခံအဆောက်အအုံများနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖွံ့ဖြိုးရေးအပြင် ကျေးလက်နေပြည်သူများရဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်ပေးခြင်းစသော ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

၇။      ဆက်လက်၍ ကော်မတီဒုတိယဉက္ကဌ၊ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘက်စုံကဏ္ဍစုံဖော်ဆောင်ရာမှာ သက်ဆိုင်သူအားလုံးရဲ့ပူးပေါင်းပါဝင်မှုအားက အဓိကဖြစ်ပြီး လက်တွေ့ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအရ မိမိ တစ်ဦးတည်း စွမ်းဆောင် ၍မရနိုင်ပဲ အခြားဌာနဆိုင်ရာများနှင့်၊ ကျေးလက်ပြည်သူများပါ ပူးပေါင်းပါဝင် လုပ်ကိုင်မှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ရှိပြီးသား ပေါင်းစပ်ဖွဲ့စည်းမှု အားကို အခြေပြုပြီး နိုင်ငံတော်ရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီအောင် ပိုမိုပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်းပြောကြားပါသည်။

၈။      ဆက်လက်၍  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေး (/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင် ဌာနများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ နှင့် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ညှိနှိုင်း ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းတင်ပြသည်။

၉။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုအနေဖြင့်ကျေးလက်မီးလင်းရေးလုပ်ငန်း(၁၄)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း (၂၀၄၃)ခု၊ ကျေးလက် ကုန်ထုတ်လမ်းနှင့်တံတား (၈၁၇/)မိုင်နှင့် (၁၁၉၄)စင်း၊ ကျေးလက်အိမ်ယာ (၇၇)လုံး၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်း(၇၈၇)ခု၊ ကျေးလက်စီးပွားထူထောင်ခြင်း စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း (၁၇၄)ယူနစ်၊ လူထုဗဟိုပြုစီမံကိန်း()မြို့နယ်၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် Cash for Work စီမံကိန်း(၃၁၄၃)ရွာ၊ သင်တန်း စုစုပေါင်း(၈၂၈)ကြိမ်နှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းအားကျေးရွာ (၄၉၀) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊

၁၀။ ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အနေ ဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်လမ်း (၃၁၉၂/.၆၉) မိုင်၊ ကျေးလက်တံတား (၃၁၇၀)စင်း၊ (၇၉၀၆၄) ပေ၊ ရေရရှိရေးလုပ်ငန်းပေါင်း (၇၉၈)ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်းအနေဖြင့် မဟာဓါတ်အားလိုင်းစနစ်ဖြင့်(၈၆၃)ရွာ၊ မဟာဓါတ်အားလိုင်းပြင်ပ အနေဖြင့် ဆိုလာ(၁၀၂၇)စုံ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်း (၄၄၉)ကြိမ်အား သင်တန်းသား (၈၄၃၈)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၉၇၁) ဦးအား အလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

၁၁။    ဆက်လက်၍ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများ သွင်းအားစုနှင့် အရင်း မပျောက်ရန်ပုံငွေထူထောင်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုဆိုင်ရာလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်း စောင့်ရှောင့်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု အခြေအနေ များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

၁၂။     ယင်းနောက် ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ မိမိတို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဉက္ကဌနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများသည် ကဏ္ဍ ပေါင်းစုံချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်း များ၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်များကို လျာထားခြင်း ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

၁၃။    နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် မှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရဲ့ စီးပွားရေးသည်လည်း ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊  ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီး ဌာနများအနေဖြင့် မိမိတို့ တာဝန်ယူရတဲ့ လုပ်ငန်းများမှာ ကျေးလက်နေပြည်သူများရဲ့ လူမှု စီးပွားဘဝ မြင့်မားတိုးတက်ရေး၊ စိတ်ဓာတ်နှင့် အသိဉာဏ် ပညာဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြဖို့ နှင့် တိုင်းပြည်ရဲ့ ကျေးလက်ဒေသ များဖွံ့ဖြိုးတိုးတက်စေဖို့ လိုအပ်တဲ့ဖွံ့ဖြိုးရေးဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်းချက်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

 

သတင်းစဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm