Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဗန်းမော်မြို့နယ် တိန်းသော်-ဟဲလုံသစ်လမ်းတွင် ကွန်ကရစ်ခင်းခြင်းပြီးစီးမှု စစ်ဆေး


14 Jan,2023

ဗန်းမော် ဇန်နဝါရီ ၁၃

               ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဗန်းမော်မြို့နယ် တိန်းသော်- ဟဲလုံသစ်လမ်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဗန်းမော်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယာယီခရိုင်ဦးစီးမှူး ဦးစီးအရာရှိ(မြို့ပြ) ဦးမြသင်းနှင့် တာဝန်ရှိသူများက ဗန်းမော်မြို့နယ် တိန်းသော်-ဟဲလုံသစ် လမ်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်စံချိန်စံညွှန်း အတိုင်းအတာပြည့်မီခြင်းရှိ ၊ မရှိ စစ်ဆေးကြပြီး သက်ဆိုင်ရာကုမ္ပဏီက တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

               ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် တိန်းသော်-ဟဲလုံသစ်လမ်းတွင် အရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ၇ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၈၅၁ ဒဿမ ၄၉၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် မန်းပြည်တံခွန်ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇွန်လ ဒုတိယ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

               အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် လမ်းတစ်လျှောက်ရှိ ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေးသွားလာ အသုံးပြုနိုင်တော့မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသထွက်ကုန်ပစ္စည်းများကိုလည်း မြို့ပေါ်စျေးကွက်အရောက် တင်ပို့ ရောင်းချခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်တော့မည်ဖြစ်ကြောင်း ဗန်းမော်ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇောဦး (မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm