Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး


14 Jan,2023

ပင်လောင်း၊ ဒေသဖွံ့ဖြိုးရေး

               ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပင်လောင်း မြို့နယ်အတွင်းရှိ ကျေးလက်လမ်းနှစ်လမ်းတွင် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန် ရှိသူများက ဇန်နဝါရီ ၁၃ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

                  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပင်လောင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ခိုင်စုလင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၃၆ ဒဿမ ၇၀၃၇ သန်းဖြင့် ပင်လောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ယူဆောင်ရွက်သည့် ဆောင်းပေါင်-တီရွေး-တီရွယ်-ပေါ့ယား-ကျောင်းနား-ကျောက်ဆောင်-လယ်ကြား-မွေတော် လမ်းတွင် မြေမှ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၆၁ ဒဿမ ၅၂၃ သန်းဖြင့် ဆောင်ရွက်သည့် တီကျစ်-နောင်ကားမှီး-လုံးပိုး-လွယ်တောင်းလမ်းတွင် ကျောက်မှ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း စစ်ဆေးကြပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

               ပင်လောင်းမြို့နယ် ဆောင်းပေါင်-တီရွေး-တီရွယ်-ပေါ့ယား-‌ကျောင်းနား-ကျောက်ဆောင်-လယ်ကြား -မွေတော်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းမှာ အရှည် ၅ ဖာလုံ၊ အကျယ် ၁၂ ပေ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက် က လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ တီကျစ်-နောင်ကားမှီး-လုံးပိုး-လွယ်တောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းမှာ အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေဖြစ်ပြီး  မေ ၁၉ ရက်တွင်စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 ကျော်ဇောဦး (မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm