Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် သပြေရောင်ခြည်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများအား စုဆောင်းငွေပေါ်အတိုးများ ပေးအပ်


26 Apr,2022

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာ သပြေရောင်ခြည် စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားပြည်သူများအား စုဆောင်းငွေပေါ်အတိုးနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း အခမ်း အနားကို ဧပြီလ၂၆ ရက်နေ့က ကော့ကရင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ၊ အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားပြည်သူများတက်ရောက် ခဲ့သည်။ ထို့နောက် အသင်းမှ တက်ရောက်လာသော အသင်းသားပြည်သူများအား စုဆောင်း ငွေကျပ်(၁၃၀.၂)သိန်းပေါ်မှ စုဆောင်းငွေပေါ်အတိုးငွေကျပ်(၁၉.၂)သိန်းနှင့် လက်ဆောင်ပစ္စည်းများ အား ပေးအပ်ခဲ့ကြောင်းသိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm