Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ခေါင်းနီကွင်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကျင်းပ


15 Jan,2023

ကျုံပျော် ဇန်နဝါရီ ၁၄

                  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မျက်နီကွင်းကျေးရွာအုပ်စုနှင့် လေးမျက်နှာမြို့နယ်သို့ ဆက်သွယ်သော ခေါင်းနီကွင်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

               ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တံတားသစ် ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိလာမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မည်ဖြစ်သဖြင့် ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်ပြောကြားသည်။

               ထို့နောက် တံတားသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

               အဆိုပါတံတားသည် ကျုံပျော်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့ကို ဆက်သွယ်ထားပြီး အရှည် ပေ ၃၀၀၊ အကျယ်ပေ ၂၀ ရှိကာ ခွင့်ပြုအလေးချိန် တန် ၂၀ အထိ ဖြတ်သန်းအသုံးပြုနိုင်ကြောင်း၊ တံတား တည်ဆောက်ခြင်းကြောင့် ကျုံပျော်မြို့နယ်မှ ကျေးရွာ ၁၉ ရွာရှိ အိမ်ခြေ ၂၈၅၀ ကျော်မှ ပြည်သူ ၁၀,၀၀၀ ကျော်တို့၏ ပညာရေး၊ ကျန်းမာရေးကိစ္စများ၊ ဒေသထွက်ကုန်ပစ္စည်များကို မြို့ကြီးများသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းဝယ်နိုင်သောကြောင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

ကျုံပျော် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm