ပုသိမ်၊ ဇန်နဝါရီ ၁၆
သမဝါယမကဏ္ဍက အရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက် ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွှေကျီးညိုရောင်းဝယ်ရေးသမဝါယမအသင်းဆိုင်နှင့် မအူပင်မြို့နယ် ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်အသင်းဆိုင်က လူသုံး၊ အိမ်သုံး၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် စာရေးကိရိယာအမျိုးမျိုးကိုလည်း ကောင်း၊ မအူပင်မြို့နယ် ကောင်းမွန်ကျော်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် အသင်းဆိုင်က စာရေးကိရိယာနှင့် လက်ဆောင်ပစ္စည်းများကို အသင်းသားပြည်သူများအား ဈေးနှုန်း သက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်