Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်တွင် ပန်ဝိုင်အောက်နောင်လျဲန်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်‌ဆေး


13 Jan,2023

ကျိုင်းတုံ ဇန်နဝါရီ ၁၂

               ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင် ပန်ဝိုင်အောက်နောင်လျဲန်လမ်း မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုင်းတုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းလင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြု  ရန်ပုံငွေ ကျပ် ၁၀၂ ဒဿမ ၅၈၉ သန်းဖြင့် တွမ်လီခေး ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ပန်ဝိုင်အောက် နောင်လျဲန်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုူကို ကြည့်ရှုစစ်ဆေးကြပြီး သက်ဆိုင်ရာဌာန၊ ကုမ္ပဏီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေကို လိုက်လံရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)က လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။

               ကျိုင်းတုံမြို့နယ် ပန်ဝိုင်အောက်နောင်လျဲန်လမ်းတွင်မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းသည် အရှည် သုံးမိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် လေးလက်မဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျေးလက်ဒေသထွက်ကုန်ပစ္စည်းများကို မြို့ပေါ်စျေးကွက်အ‌ရောက်တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ လမ်းဘေးတစ်လျှောက်ရှိကျေးရွာ ၁၉ ရွာမှ လူဦးရေ ၄၉၅၁ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းလင်းထံမှ သိရသည်။

ကျော်ဇောဦး (မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm