Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် ကြီးကံ-ဆည်လည်(န)ကျေးရွာလမ်း ကျောက်ရောမြေသားလမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး


12 Jan,2023

မြို့သစ် ဇန်နဝါရီ ၁၁

                မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကြီးကံ-ဆည်လည်(န)ကျေးရွာလမ်း (နေပြည်တော်-မြို့သစ်- ကံပြား) လမ်းနှင့် ဆက်သွယ်ထားသော ကျောက်ရောမြေသားလမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

               အဆိုပါ ကျောက်ရောမြေသားလမ်းပိုင်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၈-၈-၂၀၂၂ ရက်က စတင်ဆောင်ရွက်ခဲ့သော လမ်းအရှည် ၂ ဒဿမ ၅၅၅ ကီလိုမီတာ နှင့် လိုအပ်သော နေရာများတွင် မြေသားတာပေါင်တင်ရန် အကျယ် ၅ ဒဿမ ၄၉ မီလီမီတာ၊ ထု ၂၀၀ မီလီမီတာ ဖြစ်သော ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၄၁ ဒဿမ ၅၅၂ သန်းဖြင့် ကျောက်ရောမြေသား လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

               အဆိုပါ ကျောက်ရောမြေသားလမ်း ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာများရှိ လူဦးရေ ၁၆၃၆ ဦးတို့၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ တိုးတက်ကောင်းမွန်လာပြီး ကျေးရွာရှိ ထွက်ကုန်များကိုပါ အချိန်တို အတွင်း အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

ကိုဇော်

(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm