Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ် သောင်ရွာ-ငါးရံ့ချောင်းလမ်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


11 Jan,2023

ကျုံပျော် ဇန်နဝါရီ ၁၀

                  ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ရှိ သောင်ရွာ-ငါးရံ့ချောင်းလမ်း ခွဲကျောက်အမာခံခင်း ခြင်း ဆောင်ရွက်ပြီးစီးမှုကို ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

               အဆိုပါလမ်း ( ၀/၆.၇၅ ) မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး‌ငွေရင်းရန်ပုံငွေကျပ် ၉၀ ဒဿမ ၈၉၁ သန်းဖြင့် စည်သူကျော်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

               ယခုဘဏ္ဍာနှစ်တွင် ကျုံပျော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်တံတားနှစ်စင်း စုစုပေါင်းအရှည် ပေ ၄၅၀၊ ကွန်ကရစ် လမ်း နှစ်လမ်း (၀/၇.၃၄)မိုင်နှင့် ယခုကျောက်ချောလမ်းတစ်လမ်း (၀/၆.၇၅)မိုင်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm