Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်းခင်းကျင်းနေမှု ကွင်းဆင်းစစ်ဆေး


11 Jan,2023

ကျောင်းကုန်း ဇန်နဝါရီ ၁၀

                  ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

               ထိုသို့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် သန်း ၁၃၄ ဒဿမ ၃၀၀ ဖြင့် Pan Capital Co.,ltd က တင်ဒါအောင်မြင် ဆောင်ရွက်ခြင်းဖြစ်ပြီး ဂုန်မင်း-ဇီးချောင်လမ်း သည် လမ်းအရှည် သုံးမိုင်၊ ၂ ဒဿမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ခုနှစ်လက်မ ဆောင်ရွက်သွားမည်ဖြစ်သည်။

ကွင်းဆင်းစစ်ဆေး

               အဆိုပါ ကွန်ကရစ်လမ်း ပိုမိုခိုင်ခံ့စေရန်နှင့် လမ်းအရည်အသွေးပြည့်မီရေးအတွက် အောက်ခံကျောက်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအခြေအနေကို ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm