Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ၌ ကုန်ထုတ်လမ်းတစ်လမ်းနှင့် ရေရရှိရေးလုပ်ငန်း ခြောက်ခုဆောင်ရွက် ပေးမည်


26 Apr,2022

ကြံခင်း ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာခုနစ်ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းခြောက်ခုကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးထံမှသိရသည်။

ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ကိုးအင်းကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းအရှည် တစ်မိုင် လေးဖာလုံခင်းခြင်းလုပ်ငန်းနှင့် အင်းတဲစု၊ အောင်ချမ်းသာ၊ ကရင်ကုန်း၊ ကညင်ချောင်၊ စစ်ကွင်း၊ ခုနစ်တာ စသည့် ကျေးရွာ ခြောက်ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း လေးခု၊ အိမ်တိုင်ရာရောက်ရေရရှိရေးလုပ်ငန်း နှစ်ခုနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုရန်ပုံငွေ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်မှာတော့ အဆိုပါ လုပ်ငန်းများအားလုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦး ပြောပြချက်အရ သိရသည်။

ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ဒေသခံတောင်သူများ၏ ထုတ်ကုန်ထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာနဲ့ ဈေးကွက်သို့ လျှင်မြန်စွာရောက်ရှိရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးလျက်ရှိပါတယ်၊ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးကို ဦးစားပေးဆောင်ရွက် နေပါတယ်။ သောက်သုံးရေရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ့နဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်။ နွေရာသီကာလ ရောက်ရှိ လာပြီဖြစ်တဲ့အတွက် ကျေးရွာနေ ပြည်သူတွေအနေဖြင့် ရေရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံ နိုင်တယ်"လို့ မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက ဆက်လက်ပြောပြ၍ သိရသည်။

အဆိုပါလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပါက ကိုးအင်းကျေးရွာရှိ အိမ်ခြေ ၁၂၆ အိမ်၊ လူဦးရေ(၅၀၁)ဦးတို့၏ စိုက်ပျိုးမြေဧက ၄၀၀ ဧက အကျိုးပြုနိုင်မှာဖြစ်ကြောင်း၊ အင်းတဲစု၊ အောင်ချမ်းသာ၊ ကရင်ကုန်း၊ ကညင်ချောင်၊ စစ်ကွင်း၊ ခုနစ်တာ စသည့် ကျေးရွာ ခြောက်ရွာရှိ အိမ်ခြေ ၄၆၂ အိမ်၊ လူဦးရေ ၁၈၈၀ ဦးတို့အတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ကျော်ဦး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm