Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် မယ်ဇလီပင်-ဥသျှစ်မြောင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုစစ်ဆေး


10 Jan,2023

နတ်မောက်၊ ဇန်နဝါရီ ၉

                မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မယ်ဇလီ-ဥသျှစ်မြောင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဒေါ်ခင်သွယ်အိထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက မယ်ဇလီပင်-ဥသျှစ်မြောင် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်ခင်သွယ်အိထွေးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

               မယ်ဇလီပင်-ဥသျှစ်မြောင်ကျေးရွာချင်းဆက် တံတားအရှည် ပေ ၂၀၊ အကျယ်ပေ ၂၀၊ အမြင့် ရှစ်ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀ ဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၄၆ အိမ်၊ လူ ၁၉၇၃ ဦးတို့ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

သန်းလွင် (မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm