Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်


10 Jan,2023

မိုးညှင်း ဇန်နဝါရီ ၉

               ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကချင်ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲလမ်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အိသဉ္ဇာကျော်၊ မိုးညှင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက မိုးညှင်းမြို့နယ် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း- ပင့်သာ-ပင်းဟဲ ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၁၀၅၆၀၊ အကျယ် ၁၆ ပေ၊ ထု ခုနှစ်လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

               အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၇၅၉ ဒဿမ ၇၄ သန်းဖြင့် ဇွန်လ ၆ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm