Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်လုံ-နောင်ကောင်-နောင်မ-မန့်ဟောင်းလမ်းတွင် ကတ္တရာခင်းခြင်းဆောင်ရွက်


06 Jan,2023

နမ့်ခမ်း၊ ဒေသဖွံ့ဖြိုးရေး

               ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွန်လုံ-နောင်ကောင်-နောင်မ-မန့်ဟောင်းလမ်းတွင် ကတ္ကရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်ခမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ် ရန်ပုံငွေကျပ် ၁၉၆ ဒဿမ ၉ သန်းဖြင့် ဆောင်ရွက်သည့် ကွန်လုံ-နောင်ကောင်-နောင်မ-မန့်ဟောင်း လမ်းတွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။

               နမ့်ခမ်းမြို့နယ် ကွန်လုံ-နောင်ကောင်-နောင်မ-မန့်ဟောင်းလမ်းတွင် ကတ္တရာခင်းခြင်း လုပ်ငန်းသည် အရှည် ၆ ဒဿမ ၃၂ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မဖြစ်ပြီး တင်ဒါအောင်မြင်သည့် New Radiance Group ကုမ္ပဏီက ဇူလိုင်လပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm