Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်ခမ်းမြို့နယ် ပန်းခါးလမ်းခွဲ-လွယ်မွန်းလမ်းတွင် သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


06 Jan,2023

နမ့်ခမ်း ဇန်နဝါရီ ၅

               ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့်လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် ကျေးလက်လမ်းတံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပန်းခါးလမ်းခွဲ-လွယ်မွန်း လမ်းတွင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို ယနေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်ခမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပန်းခါးလမ်းခွဲ-လွယ်မွန်းလမ်းတွင် သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးသိန်းထွန်းဦးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး တာဝန်ရှိသူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

               နမ့်ခမ်းမြို့နယ် ပန်းခါးလမ်းခွဲ-လွယ်မွန်းလမ်းတွင် အရှည် ‌ပေ ၄၀၊ အကျယ် ပေ ၂၀၊ အမြင့် ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၂၉ ဒဿမ ၄ သန်းဖြင့် နမ့်ခမ်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

               အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးလက်‌ဒေသထွက် ကုန်ပစ္စည်းများကိုမြို့ပေါ်စျေးကွက်အရောက် တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးသိန်းထွန်းဦးထံမှ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm